Tuesday, February 21, 2012

အဖေ (အောင်ဘညို)


အဖေကို
ဦးညွှတ်ဖို့ ကြည့်လိုက်တော့
အဖေက မရှိတော့ဘူး အဖေ…….။
ပန်းပွင့်ထဲမှာ
ရနံ့ထည့်သူကို လေးစားရမှာလား
ပန်းစိုက်သူကို အသိအမှတ်ပြုရမှာလား
အဖေ
အဖေ အဲဒီအကြောင်းတွေ
ကျွန်တော့်ကို ပြောမပြခဲ့ဘူး……။
တစ်ခါတုန်းက
သတ္တိနဲ့ မိုက်ရူးရဲ
အမှန်တရားနဲ့ ကောက်ကျစ်မှု
မင်းသိချင်ရင်
ဒီစာအုပ်တွေ ဖတ်ကွာတဲ့
အဖေ
ကျွန်တော့်ကို လမ်းလျှောက်သင်ခဲ့ပါတယ်….။
မြစ်တွေက ရေစီးသန်လှချည်ရဲ့
တောင်တွေက မတ်စောက်လှချည်ရဲ့
လမ်းတွေက ကွေးကောက်လှချည်ရဲ့
စကားလုံးတွေက မာယာများလှချည်ရဲ့
အိမ်ကို တည့်တည့်ပြန်ဖို့
အဖေ့စာအုပ်တွေဟာ
သားရဲ့ လမ်းပြမြေပုံပါပဲ အဖေ…..။

No comments:

Post a Comment

စာဖတ်သူများရဲ့ ကွန့်မန့်များဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။