Tuesday, June 12, 2012

မက်လုံးမှိုင်းမိတဲ့ နိုင်ငံ



မြန်မာနိုင်ငံ  ငါတို့ချစ်တဲ့နိုင်ငံ
တစ်ရေတည်းသောက်  တစ်မြေတည်းနေ
သွေးစည်းခဲ့တဲ့ ငါတို့သွေးချင်းတွေ
ဧရာဝတီ၊ ချင်းတွင်း
စစ်တောင်း၊ သံလွင်
မြစ်အလှခစားလို့
သယံဇာတ ပေါများခဲ့ပါတဲ့ ငါတို့နိုင်ငံ
ခုတော့
ဒီမိုရဲ့ အရသာ
ချို၊ချဉ်၊ဖန်၊စပ်၊ခါး
ဘာရယ်လို့ မခွဲခြားနိုင်ခင် မကွဲပြားနိုင်ခင်
သစ်တောလည်းပြုန်း
မြစ်ဆုံလည်းအလှပျက်
ထားဝယ်ရေနက်၊ သီလ၀ါဆိုတဲ့ ငါးစာချ
အလုပ်အကိုင်အခွင့်အလမ်းဆိုတဲ့
အဲဒီမက်လုံးတွေကြား
ငါတို့လူမျိုးတွေရလာမယ့် နေရာက
CEO လား
Project Manager လား
အောက်ခြေ၀န်ထမ်းအဆင့်လား
ရှေ့ဆက်ဖြစ်မယ့်ဟာတွေ
ငါ ငါဘာမှမသိချင်ဘူး
ဖယောင်းတိုင်အောက်မှာပဲနေရနေရ
စိမ်းလန်းစိုပြေတဲ့ သဘာဝ တောတောင်တွေနဲ့
အလှမပျက်တဲ့ မြစ်အလှရှုခင်းကို
ငါတို့မျိုးဆက်တွေ ခံစားခွင့်၊ ကြည်နူးခွင့်ရပါစေသား……..။

3 comments:

  1. ကဗျာလေးက ကောင်းလိုက်တာ။

    ReplyDelete
  2. ကဗျာထဲကနေပြောသွားလိုက်တာ
    ဟုတ်တာပေါ့ ကိုယ့်တိုင်းပြည်ကကြည်နူးခွင့်လေးကိုတော့လူတိုင်ခံစားချင်တယ်
    (ဖယောင်းတိုင်အောက်မှာပဲနေရနေရ
    စိမ်းလန်းစိုပြေတဲ့ သဘာဝ တောတောင်တွေနဲ့
    အလှမပျက်တဲ့ မြစ်အလှရှုခင်းကို
    ငါတို့မျိုးဆက်တွေ ခံစားခွင့်၊ ကြည်နူးခွင့်ရပါစေသား)

    ReplyDelete
  3. ကဗျာလေးထိတယ် အားပေးသွားပါတယ်..

    ReplyDelete

စာဖတ်သူများရဲ့ ကွန့်မန့်များဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။