Friday, June 1, 2012

တစ်မိုးအောက်


ချစ်သူ
မင်းလည်း မင်းမြို့လေးမှာ
ရစ်သမ်ကိုက် လှုပ်ရှားရင်း
ငါလည်း ငါ့မြို့လေးမှာပဲ
နရီစည်းဝါးညီအောင် ရုန်းကန်ရင်း
တစ်မြို့ တစ်နယ်စီဆိုတဲ့ အတွေးကို မောင်းထုတ်
အလွမ်းလေးသည်တော် ပစ်လွှတ်လိုက်တဲ့
မြားဒဏ်ရာကြောင့် ဘယ်ဘက်ရင်အုံရဲ့
တဆစ်ဆစ်နာကျင်မှုနဲ့
ပြန်ဆုံမယ့်နေ့ရက်တွေကို လက်ချိုးရေတွက်လို့
မင်းဆီက မရဘူးသေးတဲ့ ပန်းသီးတစ်လုံး ၊ ချောကလက်တစ်ခု
မင်းဆီက မကြားရသေးတဲ့ ချစ်တယ်ဆိုတဲ့ စကားထက်
တစ်မိုးအောက်ဆိုတဲ့ အတွေးနဲ့တင်
ငါ ငါကျေနပ်ပါတယ်ဟာ……။     ။
ရိုးမြေကျ

Someone Special အတွက် June(11) ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့အမှတ်တရ

2 comments:

  1. ကဗျာလေးကောင်းလိုက်တာ တိုက်ဆိုင်လို့ထင်တယ်
    တကယ်ထိတယ်..

    ReplyDelete
  2. ကေသီရေ
    မရသေးတဲ့ပန်းသီးနဲ့ချောကလက်ကိုမမကပဲပေးပါ့မယ်နော်

    ReplyDelete

စာဖတ်သူများရဲ့ ကွန့်မန့်များဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။