Sunday, June 24, 2012

ညရောင်ပျောက်တဲ့ အလွမ်း



မနေ့ညက ငါ့ကောင်းကင်မှာ
လမင်းမသာဘူး……….
ကြယ်တွေတောင် တိုးတိုးတိတ်တိတ်ပဲ လင်းတယ်
ဆက်သွယ်မှု ဧရိယာပြင်ပ
ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင် စကားအဆုံး
အလွမ်းတွေကို ထုပ်ပိုးနေရတာနဲ့တင်
အချစ်တွေကို (၁၅၀၀)ပြည့်အောင် မရေတွက်နိုင်ခဲ့ဘူး….
မနေ့ညက
ငါ့ကောင်းကင်မှာ လမင်းမသာခဲ့ဘူး…….
ကြယ်တွေတောင် တိုးတိုးလေးပဲလင်းခဲ့တာ
သေချာတယ်……..။

3 comments:

  1. ကေသီသာမရှိခဲ့ရင်လဲ
    စံပယ်ဘ၀ လမင်းမသာပါဘူး

    ReplyDelete
  2. ကဗျာလေးကောင်းလိုက်တာ.. ချစ်ဖို့ကောင်းတယ်

    ReplyDelete
  3. အမစံပယ်
    အကိုလွင်ပြင် ကို ဘယ်နားထားခဲ့မှာလဲ

    ReplyDelete

စာဖတ်သူများရဲ့ ကွန့်မန့်များဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။