Monday, June 11, 2012

လွမ်းခွင့်



တကယ်ပါ
ငါ့နေ့ရက်တွေ အားမာန်အပြည့်နဲ့
ချီတက်နေမိတုန်းက
မင်းကို သတိရတယ်…
အခုငါလေ
အကူအညီတောင်းခံတဲ့ လက်တွေကပဲ
ငါ့နောက်ကျောကို ဓားနဲ့ထိုးသွားတဲ့အခါ
အပြုံးတုတွေကြား
ဟန်ဆောင်စကားတွေကြား
လူးလွန့်ရင်း
ငါမွန်းကြပ်နေလို့
မင်းဆီက
အားပေးစကားလေးကြားခွင့်ပေးပြီး
ငါ့ကို လွမ်းခွင့်လေးထပ်ပေးပါ………….

1 comment:

  1. အပြုံးစစ်စစ်လေးနဲ့ လာရောက်ဖတ်ခဲ့ပါတယ်နော်

    ReplyDelete

စာဖတ်သူများရဲ့ ကွန့်မန့်များဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။