ရှင်ကွဲ ကွဲခဲ့ပုံကတော့
သူလို
ငါလိုပါပဲ…။
ကြယ်တွေကလဲ
တိတ်တိတ်ကလေးပဲ
လင်းတယ်။
သံယောဇဉ်ဆိုတာ သကြားလုံးတစ်မျိုးပဲ မဟုတ်လား….။
အချိုသိပ်ကြိုက်တဲ့ သူဟာ
တစ်နေ့နေ့မှာ
သွားပိုးစားခံရမှာ
သေချာတယ်။
အဲဒီအခါ …. မငိုပါနဲ့။
မျက်ရည်ဆိုတာဟာလည်း
ပုံတိုပတ်စ
တစ်ခုပဲလေ…
ကိုယ့်ကိုယ်ကို လမ်းကြိုလမ်းကြား သေးသေးလေးဖြစ်အောင်
ဖန်ဆင်း
ဘယ်သူမှ မသိတဲ့ မြို့တစ်မြို့မှာ
ကျောခင်းပြီး လှဲနေလိုက်ပါ……….
ပိုးလောက်လန်းတွေကို စစ်နေရမှာနဲ့စာရင်
အချစ်ကို သွန်ပစ်လိုက်ရတာက ကောင်းတယ်။
No comments:
Post a Comment
စာဖတ်သူများရဲ့ ကွန့်မန့်များဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။