မျှော်လင့်ချက်လား
ငါနဲ့ အသားမကျတာကြာခဲ့ပေါ့..
ငါ့အတွက်တော့
နတ်ဆိုးတစ်ပါးပဲ..
သေချာရေရာမှု
တစ်ခုပိုင်ဆိုင်ထားပေမယ့်
ပန်းတိုင်က
ငါ့အတွက် ဝေးဝေးသွားခဲ့တာ….
မြင်းကောင်းခွာလိပ်တဲ့
ဒီစကား ငါ့အတွက်များဖန်တီးခဲ့လေသလား…
ပြေးရင်းနဲ့
ခြေထိုးခံလိုက်ရလို့
လဲကျသွားတဲ့အခါများ
ငါကြားလိုက်ရတဲ့
လက်ခုပ်သံတွေ
မဲ့ပြုံးတွေ
ငါ့ကို မလှောင်ကြပါနဲ့
တကယ်ဆို
ငါ့ကိုယ်ငါ
ပြန်ရှာဖွေရင်းနဲ့
အခုထိ ပျောက်ဆုံးနေတုန်းပါ……….
ဟုတ်ပါ့ကေသီရေ
ReplyDeleteမျော်လင့်ချက်တွေအသားမကျပဲနဲ့
အလွမ်းတွေက အသားကျပြီးရင်းကျနေတာ